တစ်နှစ်ကူးပေမယ့်
မချစ်ဖူးသေးတာ ယုံပါ ... ခင်။
မယုံလျှင်
ပိတောက်ပင်ကို ခင်မေးကြည့်။
ပွင့်ခက်ညှာ ရွှေရည်အပြည့်နဲ့
လွင့်တက်ကာ လေမှာမြူးချင်သော်လည်း
( ပိတောက်ခမျာ )
အထီးကျန်သူ မောင့်ကိုမြင်လို့
မဖူးချင် မပွင့်ချင် (သူ့) အမူအရာနဲ့
လူတကာကို
မူဆာတာ ဝေမျှပေးနေတဲ့
ရွှေဝါရောင် ပွင့်ဖတ်တွေကြားမှာ
လွမ်းဓာတ်တွေဖြည့်။
မောင်စိန်ဝင်း (ပုတီးကုန်း)
No comments:
Post a Comment