ရှေးကံကြမ္မာ၊ ပေးလာတာကြောင့်
သာယာချိုအေး၊ အသံလေးနှင့်
အေးချမ်းသာယာ၊ ပရိသာကို
စိတ်မှာပျော်မြူး၊ ဖျော်ဖြေဖူး၏။
ဖော်ရွေတတ်တာ၊ သူ့ဇာတာမို့
ရောက်လာများစွာ၊ များသူငါကို
ကြင်နာအပြုံး၊ ပီတီဖုံး၍
ပြုံးပျော်ရွှင်မြူး၊ နှုတ်ဆက်ဖူး၏။
ဂုဏ်ပြုပူဇာ၊ မင်္ဂလာမှာ
မေတ္တာကြီးမား၊ ဘုန်းဘုန်းများကို
နားဝင်ချိုသာ၊ တေးဓမ္မာဖြင့်
မြတ်ရာရည်စူး၊ ပူဇော်ဖူး၏။
မွေးနေ့ရောက်လာ၊ ခုချိန်ခါမှာ
ဘယာမသန်း၊ စိတ်အေးချမ်း၍
ငြိမ်းချမ်းဖို့ရည်၊ ခင်ပိုးပန်းချီသည်
ကြည်သာအေးချမ်း ရှိစေသော်။
ကိုပေါက်ခေါင်း
No comments:
Post a Comment