ရွှေညောင်ပင်အောက်
အမှန်အရင်ရောက်နေတာက
အောင်နက်ကြီးပါ
မှောင်နက်ကြီးမှာတောင် သူမအိပ်အား။
အောင်နက်ကြီးပါ
မှောင်နက်ကြီးမှာတောင် သူမအိပ်အား။
ဝန်းကျင်အတွက်ပေမို့
အတင်းနှင်ကာ ဘယ်လိုထုတ်သော်လည်း
မြီးလှုပ်ကာ ၀ပ်စင်းလို့ရယ်
တင်းလို့အိပ်မြဲ။
အတင်းနှင်ကာ ဘယ်လိုထုတ်သော်လည်း
မြီးလှုပ်ကာ ၀ပ်စင်းလို့ရယ်
တင်းလို့အိပ်မြဲ။
ဒီနေရာဒီဌာန
သူပေမို့ ကပ်နေတာ
ပူပေလို့ ထွက်မခွာတာ
သည်းခံစိတ်များ။
သူပေမို့ ကပ်နေတာ
ပူပေလို့ ထွက်မခွာတာ
သည်းခံစိတ်များ။
ရွှေမိုးရယ်စို
ခိုကိုးစရာရယ် တကယ်မရှိတာကြောင့်
သူ့အရှင်ခြေတော်ရင်းမှာ
မှေးမှိတ်လို့ပျင်း။
ခိုကိုးစရာရယ် တကယ်မရှိတာကြောင့်
သူ့အရှင်ခြေတော်ရင်းမှာ
မှေးမှိတ်လို့ပျင်း။
ကိုပေါက်ခေါင်း
No comments:
Post a Comment