အေးချမ်းသာယာ
ဤနေရာသို့
မကြာခဏ
ရောက်လိုလှ၏။
ငြိမ့်ညောင်းသာယာ
တေးသံသာကို
မကြာခဏ
ကြားလိုလှ၏။
လမင်းပမာ
ပြုံးမျက်နှာနှင့်
မကွာနေ့ည
တွေ့ချင်လှ၏။
ဆန္ဒတွေသာ
ရှိနေပါလည်း
ရတာမလို
လိုတာမရ
သဘာဝမို့
အိပ်နေတာက
ကောင်းသေးသည်။
ကိုပေါက်ခေါင်း
No comments:
Post a Comment