Friday, March 3, 2017

ကျောင်းသစ်

ကျောင်းအိုဖျက်စဉ်၊ စိတ်ဘ၀င်ဝယ်
ယခင်ကျောင်းလေး၊ အကောင်းတွေး၍
ရှေးကဖြစ်ဟောင်း၊ တိတ်ကြောင်းများကို
ပြန်ပြောင်းတသ၊ သတိရ၏။

ကျောင်းသစ်ဖြစ်လာ၊ ခုအခါဝယ်
နောင်လာကျောင်းသား၊ အပေါင်းများတို့
နေရာအရေး၊ စိတ်မတွေးဘဲ
ဘေးကင်းချမ်းသာ၊ နေရမှာရေး
စေ့စေ့တွေးကာ၊ ရင်မှာပီတိ
ဖြစ်ခဲ့မိ၏။

ကိုပေါက်ခေါင်း

No comments:

Post a Comment