ဗုဒ္ဓမြတ်စွာ၊ ဘဂ၀ါ၏
ဆုံးမသြ၀ါ၊ သာသနာကို
မေတ္တာဖြင့်သာ၊ ထူလာခဲ့သည်
မှန်ပေသည်တည့်။
သို့ပါသော်ငြား၊ ခုခါများတွင်
မေတ္တာများရှင်၊ ဘုရားသခင်၏
ကြည်လင်ငြိမ်းရာ၊ သာသနာကို
ရန်ရှာလိုငြား၊ မိစ္ဆာများစွာ
ရှိလာပါ၏။
ထိုရန်သူအား၊ ဘယ်တရားဖြင့်
ဆီးတားကာကွယ်ကြမည်နည်း။
တိုက်စစ်ဆင်လာ၊ သတ္တ၀ါကို
ကြင်နာသနား၊ မေတ္တာထားကာ
ဗလချာလူမိုက် ၊ခေါင်းငိုက်စိုက်ဖြင့်
လက်ပိုက်ကာသာ၊ ကြည့်နေရမည်လော။
စည်းရိုးမပါ၊ လက်ဗလာဖြင့်
ညီညာဖေးမ၊ မကာကြသော်
ဗုဒ္ဓမြတ်စွာ၊ သာသနာသည်
မကြာမီတွင်၊ ပျောက်တော့မည်။
ဘုရားသာသနာ၊ ဓွန့်ရှည်ကြာဖို့
တားရာအဖြစ်၊ ခံစစ်ကိုသာ
ကာကွယ်သမှု၊ ကျွန်တို့ပြု၏။
မကွယ်မကာ၊ ရှိခဲ့ပါသော်
ဗုဒ္ဓမြတ်စွာ၊ သာသနာသည်
ကွယ်ကာပမည် စိုးသောကြောင့်။
ကိုပေါက်ခေါင်း
No comments:
Post a Comment