Friday, March 3, 2017

သူခိုးဓားရိုးကမ်း

ခုအခါမြန်ပြည်ရေး
တွေးကြည့်လို့ကြောက်စရာ
မျောက်သာသာလူတစ်စု
မင်းပြုလျက်သာ။

ယူအက်စ်ကိုလွန်အားကိုး
ဂျစ်သိုးသိုးသူ့ဟန်ပန်။

ကုလားကရှုးတိုက်ပေး
ပြေးတဲ့လို့ကိုက်လိုက်ပြန်။

ဝါ၀ါမြင်ပြစ်မြင်လို့
ချစ်ခင်ဖို့ဝေးလွန်းတာ။

သူခိုးကိုဓားရိုးကမ်း
ခွေးသရမ်းသို့ယုတ်မာ။

ဉာဏ်ပညာခေါင်းမှာမရှိတဲ့
ဒေါင်းယောင်ဆောင်ငတိတို့မှာ
အားကိုးမိတိုင်းတစ်ပါးကိုသာ
ကြားရှက်စရာ။

ရှုးတိုင်းသာလိုက်ကိုက်နေလျှင်
နင်တို့တွေခွေးဖြစ်လိမ့်လေး။

ကိုပေါက်ခေါင်း

No comments:

Post a Comment