ဘုရား
ဗောဓိပင်အောက်၊ သိဉာဏ်ပေါက်၍
ထွင်းဖောက်ထွက်လာ၊ စောဗုဒ္ဓါကို
ရင်မှာမြတ်နိုး၊ လက်စုံမိုး
ရှိခိုးပါ၏ဘုရား။
တရား
အတုလမြတ်စွာ၊ စောဗုဒ္ဓါ၏
မိန့်မှာစကား၊ မြတ်တရားကို
မှတ်သားကြည်ညို၊ သဒ္ဓါပို၍
မှီခိုမြတ်နိုး၊ လက်စုံမိုး
ရှိခိုးပါ၏ဘုရား။
သံဃာ
သမုတိမည်လာ၊ ထေရ်မဟာနှင့်
အရိယာရှစ်ပါး၊ သံဃာများကို
လေးစားပိုမို၊ လွန်ကြည်ညိုကာ
ရင်ဖိုမြတ်နိုး၊ လက်စုံမိုး
ရှိခိုးပါ၏ဘုရား။
ကိုပေါက်ခေါင်း
No comments:
Post a Comment