တို့တိုင်းပြည်ရေး
မျှော်ကာတွေးလို့
အသက်ပေး၍
ကာကွယ်ပေးသည်
တို့စစ်သည်။
တို့လူမျိုးများ
အမျိုးသားတို့
တို့ပွားဖို့ကြောင်း
စိတ်ရင်းကောင်းနဲ့
ကြိုးစားနေသည်
တို့စစ်သည်။
ကိုယ့်အိတ်ကိုယ်ထမ်း
တောင်ပြာတန်းမှာ
လွမ်းဖို့အရေး
ဘယ်မတွေးဘဲ
အများအကျိုး
သယ်ကာပိုးသည်
တို့စစ်သည်။
ပေးအပ်ခဲ့လာ
သူ့ဝန်တာကို
အသက်ကိုရင်း
အားမာန်တင်းကာ
ခလုတ်မကြောက်
ဒူးမထောက်ဘဲ
ထမ်းရွက်နေသည်
တို့စစ်သည်။
ပြည်ချစ်စစ်သား
ဇာနည်ဘွား၏
မွေးနေ့မှသည်
ရာကျော်ရှည်ကာ
ဘေးရန်ကင်းကွာ
စိတ်ချမ်းသာ၍
ကောင်းခြင်းအဖြာဖြာ
ပြည့်ပါစေ။
ကိုပေါက်ခေါင်း
No comments:
Post a Comment