သံသရာဝဲ၊ ခရီးခဲကို
ဖြတ်ဆဲကာလ၊ ဤဘ၀မှာ
ခေတ္တနားရာ၊ အရိပ်သာသည်
လူတိုင်းရင်မှာ ရှိကြ၏။
အရိပ်ပမာ၊ ထိုနေရာ၌
အနေကြာလျှင်၊ သံယောဇဉ်ကြိုး
အမျှင်တိုး၍၊ ချိုး၍မရ
ဖြစ်တတ်ကြ၏။
ဗိမာန်အဖြစ်၊ နေရာသစ်တွင်
ရောက်လစ်မှန်စွာ၊ ထိုရောခါ၌
နေရာအဟောင်း၊ ကောင်းမကောင်းထက်
ပြောင်းလဲနေရ၊ အနိစ္စကို
စိတ်မှဆင်ခြင်၊ အတွေးဝင်၍
အရင်နေရာ၊ အဟောင်းလွှာကို
ရင်မှာစတေး၊ အနားပေးဖို့
ဖြေးဖြေးလေးပဲ လွမ်းတော့မယ်။
ကိုပေါက်ခေါင်း
No comments:
Post a Comment