Friday, March 3, 2017

သနပ်ခါးကျောင်း

ကံ့ကော်ပင်ဘေး၊ စေတီလေးနှင့်
အေးမြနေရာ၊ ကျောင်းဝိဟာမှ
ချမ်းသာစေကြောင်း၊ ဆုမွန်တောင်းသည့်
ကောင်းမှုဝေဟန်၊ ကြေးစည်သံကို
မှန်စွာနေ့တိုင်းကြားရ၏။

ဝန်းရံပတ်ထား၊ သနပ်ခါးနှင့်
တင့်ငြားပေဟန်၊ တို့ကျောင်းကန်မှ
ကျမ်းဂန်တတ်စွာ၊ ထေရ်ဆရာ၏
မေတ္တာကျေးဇူး၊ ဂုဏ်အထူးကို
ရည်စူးဦးတင်မိပါ၏။

ကိုပေါက်ခေါင်း

No comments:

Post a Comment