Friday, March 3, 2017

အမေ့အိမ်

အမေနေ့မှာကျေးဇူးဆပ်ဖို့
တေးထပ်လို့ကြံစည်
ရေးလိုက်ကြအလီလီသည်
ဖေ့ဘုတ်ပြည်တလျား။

မွေးမေတိုင်းကြားစေချင်သည်
မေ့သားတို့စိတ်ထား။

ဝေးတစ်မြေမှအလွမ်းခြွေမည်
အပန်းတွေပြေကြစေသား။

နေချင်တာအမေ့နားပေမယ့်
မနေအားသားတို့ကြမ္မာ။

အိပ်ယာဝင်ဦးတင်ချလို့
ပို့သရမေတ္တာ။

နွေးထွေးတဲ့အမေ့ရွာကို
ပြန်လာရန်အကြောင်းနဲ့
ဆုတောင်းရအကြိမ်ကြိမ်
ဦးချလို့နှိမ်။

အမေနဲ့အမေ့အိမ်ကို
နေမမှိန်ခင်ပြန်ခဲ့မယ်လေး။

ကိုပေါက်ခေါင်း

No comments:

Post a Comment