Friday, March 3, 2017

ခရေပန်း

ပန်းခရေ
နွမ်းခွေကာမြေမှာခသော်လည်း
ကြွေကာမကျတဲ့ရနံ့အဆင်းကား
မွှေးပျံ့ထုံသင်း။

ပိတောက်ဝါ
ပင်မြင့်မှာအသွင်တင့်သော်လည်း
လေလွင့်ကာမြေမှာလူးတော့
ပန်းခူးသူလူအပေါင်းက
ပြောင်းလို့ရှောင်ကွင်း။

ကိုပေါက်ခေါင်း

No comments:

Post a Comment