ချီးပါချင်ခါမှ ချီးတွင်းတူးလို့မဖြစ်ဘူး။
ချီးပါချင်ခါမှ ချီးတွင်းတူးရင်
တူးနေရင်း ထွက်ကျလိမ့်မယ်။
ကြိုတင်ပြီး အိမ်သာဆောက်ထားမှ
တော်ရာကျလိမ့်မယ်။
ရေဆာခါမှ ရေတွင်းတူးလို့ မရဘူး။
ရေဆာခါမှ ရေတွင်းတူးရင်
ရေနောက်တွေပဲ သောက်ရလိမ့်မယ်။
စောစောစီးစီး ရေတွင်းတူးထားမှ
ရေကောင်းရေသန့် သောက်ရမယ်။
အဲလိုပါပဲ
ဘယ်အလုပ်မဆို
စောစောစီးစီး ကြိုတင်လုပ်ထားပါမှ
အရာအားလုံးအတွက် အဆင်ပြေမှာပါ။
အိပ်ယာနောက်ကျတတ်တဲ့ ငှက်တစ်ကောင်အတွက်
အစာရှာရခက်ခဲတတ်တာ သဘာဝပါပဲ။
ကိုပေါက်ခေါင်း
No comments:
Post a Comment