ငယ်ရွယ်ချိန်ခါ၊ ပညာရှာစဉ်
ကြင်နာယုယ၊ ဖေးကူမ၍
ဆုံးမသင်ကြား၊ ဆရာများ၏
ကြီးမားမေတ္တာ၊ စေတနာကို
စိတ်မှာလေးစား၊ အရေးထားသည့်
ချစ်သားသမီး၊ တပည့်ကြီးတို့
ပေါင်းစည်းညီညာ၊ အားဖြည့်ကာလျှင်
ပူဇာအာစရိ၊ ဝန္ဒာမိသည်
တင်ရှိကျေးဇူး ကျေစေသော်။
ကိုပေါက်ခေါင်း
No comments:
Post a Comment