Monday, June 10, 2019

ကာလဆိုး

ကာလနှယ် ဆိုးပါဘိ
သူခိုးက လူလူ
တောလေ့ပေါက် နန်းမူ
အိမ်သူကို ဧည့်စောင်း။

သူကောင်းကို အပြစ်တင်
တောင်ယာရှင် မျောက်လိုက်လို့မောင်း။

လေးတရာ့ဆီမှန်လျှင်
ရေနံလောက်မကောင်း။

စိတ်အနေ ရုပ်ပြောင်းလို့
ချောင်းကိုပ မြစ်ထင်။

တူရိယာ နတ်စည်စောင်း
သူဖုန်းတောင်းချင်းကတဲ့သွင်။

ဝါးလုံးခေါင်း လသာချင်တယ်
အိမ်ထဲတွင် ကင်းဝပ်လို့
မုန်းဇာတ်ကြံကြပြီ
တုန်းရို့ဝသီ။

ခုများဖြင့် မုသားညီတယ်
အပလီ ဗိုလ်မင်းပလေး။


ဦးပုည

No comments:

Post a Comment