Sunday, June 16, 2019

ကိုမင်းမင်းထွန်း + မချယ်ရီအောင်

အနန္တော အနန္တငါးကို ဦးထိပ်ပန်ဆင်လျှက် နှစ်ဖက်မိဘများဖြစ်ကြသော ပဲခူးတိုင်းဒေသကြီး၊ 
ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ကျေးရွာနေ (ဦးကျော်လွင်)+ဒေါ်မာလာ၊ (ဦးလှအောင်)+ဒေါ်သန်းဝင်းတို့အား 
ရည်စူး အမှူးထား၍
အလှူ့ဒါယကာ - ကိုမင်းမင်းထွန်း
အလှူ့ဒါယိကာမ - မချယ်ရီအောင်
မိသားစုတို့မှ
ဒုက္ခခပ်သိမ်း အေးငြိမ်းရာမှန် မြတ်နိဗ္ဗာန်ကို ရည်သန်တောင်းဆု အာရုံပြု၍
သားလှရတနာ
မောင်ရဲထက်အောင် ကို
ရှစ်ပါးပရိက္ခရာ စုံလင်စွာဖြင့် မြတ်ဗုဒ္ဓအမွေ ရှင်သာမဏေအဖြစ်သို့ သွတ်သွင်းချီးမြှောက်သည့်
အလှူတော်မင်္ဂလာပွဲတွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့အား ဆွမ်း၊သင်္ကန်း အစရှိသော 
လှူဖွယ်ဝတ္ထု အစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ပါသည်။
-------------------------

အလှူတော်မင်္ဂလာ အစီအစဉ်
***************
အလှူတော်မင်္ဂလာနေ့ရက်
၁၃၈၀ ခုနှစ်၊ တပေါင်းလဆန်း ၉ရက် ၁၀ ရက်

အလှူတော်မင်္ဂလာအချိန်
************
နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီထိ

အလှူတော်မင်္ဂလာနေရာ
************
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ရွာ
ကိုမင်းမင်းထွန်း + မချယ်ရီအောင်
မိသားစုတို့၏ နေအိမ်အလှူတော်မင်္ဂလာမဏ္ဍပ်
------------------------------------










No comments:

Post a Comment