အဋ္ဌမတန်း မြန်မာစာမှာ သင်ကြားနေတဲ့ "လက်ဆောင်" ကဗျာကို
ပညာရေးဝန်ကြီးဌာနကနေ
သင်ရိုးမှ
ပယ်ဖျက်လိုက်ပြီတဲ့။
ကဗျာကို ပယ်ဖျက်လိုက်ရခြင်းရဲ့ အကြောင်းပြချက်က ဒီကဗျာကြောင့်
လူငယ်တွေ
ဆေးလိပ်သောက်တတ်သွားမှာကို
စိုးရိမ်လို့ပါတဲ့။
ကောင်းလိုက်တဲ့ ခေါင်းတွေကွာ ခွေးကျွေးပစ်ဖို့သာကောင်းတော့တယ်။
မယ်ခွေဟာ ဘိုးတော်ဘုရားလက်ထက်က နန်းတွင်းစာဆိုတစ်ယောက်ဖြစ်တယ်။ ရတနာသိင်္ဃမြို့နေ
စစ်တောင်းဝန်ကြီးရဲ့
သမီးဖြစ်ပြီး
အမွေဝန်
မောင်စွက်ရဲ့
ဇနီးဖြစ်တယ်။
အဲချင်းရေးရာမှာထင်ရှားခဲ့ပြီး
၁၂ရာသီအဲချင်း နဲ့ ရာသီအလိုက်
တောတောင်သဘာဝတွေအကြောင်း
ရေးသားရာမှာတော်လွန်းတဲ့
အမျိုးသမီးစာဆိုတစ်ယောက်
ဖြစ်တယ်။
ဒီကဗျာဟာ ရွှေနန်းတော်တည်ရှိတဲ့ အင်းဝမြို့ကို သွားရောက်အမှုထမ်းတဲ့
လင်တော်မောင်အတွက်
အမရပူရမြို့နေ
မယ်ခွေက
ဆေးလိပ်လက်ဆောင်ပို့ရတဲ့
အကြောင်းကိုရေးဖွဲ့ထားတဲ့
ကဗျာကောင်းတစ်ပုဒ်ဖြစ်တယ်။
မှတ်သားရတာ
လွယ်ကူပြီး
စကားလုံးအသုံးအနှုန်း
ရိုးရှင်းတယ်။
ဒီကဗျာလေးဟာ အင်းဝခေတ်က လူနေမှုပုံစံတွေကို ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြထားပြီး
ထိုခေတ်က
အမျိုးသမီးတစ်ယောက်ရဲ့
သူ့ချစ်သူအပေါ်မှာထားရှိတဲ့
မေတ္တာတရားကို
ဖော်ညွှန်းပြထားတာလည်း
ဖြစ်ပါတယ်။
ဒီကဗျာထဲမှာ
ဆေးလိပ်သောက်ဖို့
တိုက်တွန်းထားတဲ့စကားလုံး
တစ်လုံးတစ်ပါဒမှ
မပါပါဘူး။
မိန်းခလေးတစ်ယောက်က ဆေးလိပ်လက်ဆောင်ပေးတယ်လို့ ရေးသားထားတဲ့အတွက်
ပြောစရာဖြစ်ရင်လည်း
ဖြစ်သွားလိမ့်မယ်။
ဒါပေမယ့်
အခုခေတ်မှာ
ယောင်္ကျားလေးတစ်ယောက်ကို
ဆေးလိပ်ဝယ်ပေးရလောင်အောင်
ချစ်တတ်တဲ့မိန်းခလေးဆိုတာ
အတော်ရှားပါးပါလိမ့်မယ်။
အဲလောက်အထိလည်း
အတုခိုးလိမ့်မယ်မထင်ပါဘူး။
အခုခေတ် လူငယ်တော်တော်များများ ဆေးလိပ်တွေသောက်နေကြတယ်။ သူတို့တွေကို
ဘာကြောင့်သောက်တာလဲလို့
အကုန်လိုက်မေးကြည့်စမ်းပါ။
ဒီကဗျာနဲ့
သက်ဆိုင်သလား
မဆိုင်ဘူးလားဆိုတာ
မေးကြည့်စမ်းပါ
မေးကြည့်လိုက်စမ်းပါ။
Public Voice ကို နားထောင်တယ်ဆိုရင် အဲဒီကဗျာ သင်ဖူးတဲ့လူအားလုံးကို လိုက်မေးကြည့်ပါ။
ရာခိုင်နှုန်းများတယ်ဆိုရင်
ဖျက်သာပစ်လိုက်ကွာ။
ဖျက်ရုံတောင်မကဘူး
စာအုပ်တွေပါ
အကုန်မီးရှို့ပစ်လိုက်ကွာ။
ကြာသလားလို့။
တကယ်တော့ ကျောင်းသားလူငယ်တွေ ကွမ်းယာ၊ဆေးလိပ်နဲ့ အရက်၊ဘီယာတွေကို
သောက်သုံးနေတာတွေက
ဘာကြောင့်အများဆုံးဖြစ်နေတာလဲ။
အနီးနားက
ပတ်ဝန်းကျင်နဲ့
ပတ်သက်နိုင်ခြေမရှိဘူးလား။
ဒီကဗျာနဲ့ပဲ
အဓိက
သက်ဆိုင်နေတာလား။
ခေါင်းပါတဲ့လူဆိုရင်
စဉ်းစားတတ်ပါတယ်။
အခုတော့ ဘာမှမဟုတ်တဲ့ ပါမောက္ခ ဆရာဝန်မတစ်ယောက်ရဲ့ စကားကိုနားယောင်ပြီး နှစ်ပေါင်းများစွာက
မြတ်မြတ်နိုးနိုးနဲ့
တန်ဖိုးထားထိန်းသိမ်းခဲ့ပြီး
၁၃၈၆ ခုနှစ်ကနေစတင်ပြီး နှစ်ပေါင်းသုံးဆယ်ကျော်
သင်ရိုးညွှန်းတမ်းမှာ
ပြဋ္ဌာန်းခဲ့တဲ့
ကဗျာတစ်ပုဒ်ကို
ခင်များတို့လက်ထက်ရောက်မှ
မြေမြှုပ်သင်္ဂြိုဟ်လိုက်တာကတော့
ရင်နာစရာကောင်းလှပါတယ်။
ဒီလုပ်ရပ်ကို
ကြည့်ခြင်းအားဖြင့်
အစိုးရပိုင်းက
အထက်လူကြီးတွေအနေနဲ့
ပညာရေးဝမ်းစာ
မပြည့်ဝဘူးဆိုတာ
သိသာလှပါတယ်။
သီရိလင်္ကာနိုင်ငံမှာ ဆေးလိပ်သောက်ခြင်းကို ပြင်းပြင်းထန်ထန်
တားမြစ်ထားပါတယ်။
မြို့ထဲက
လူစည်ကားတဲ့နေရာ
တော်တော်များများမှာ
ဆေးလိပ်မသောက်ရဆိုတဲ့
အသိပေးဆိုင်းဘုတ်တွေ
ကပ်ထားကြတယ်။
ပြီးတော့
ဒီနိုင်ငံမှာ
ဆေးလိပ်ကို
လွတ်လွတ်လပ်လပ်
ဝယ်လို့မရသလို လွတ်လွတ်လပ်လပ်လည်း သောက်သုံးလို့
မရပါဘူး။
သီရိလင်္ကာမှာ ဆေးလိပ်ဝယ်လို့ မရတာတော့ မဟုတ်ဘူး။ ဝယ်လို့ရတယ်။
ဒါပေမယ့်
သာမန်လူတွေ
ဝယ်မသောက်နိုင်လောက်အောင်ကို
ဈေးနှုန်းကိုမြှင့်ထားတယ်။
မြန်မာပြည်မှာ
စီးကရက်တစ်ဗူးကို
တစ်ထောင်လောက်နဲ့
ပေးဝယ်လို့ရပေမယ့်
သီရိလင်္ကာမှာ
အဲဒီထက်ဆယ်ဆလောက်ပိုပြီး
ဈေးနှုန်းကိုမြှင့်ထားလိုက်တယ်။
အဲဒါကြောင့်
သီရိလင်္ကာမှာ
စီးကရက်ကို
ဗူးလိုက်ဝယ်ပြီးသောက်တဲ့လူ
အတွေ့ရနည်းတယ်။
ဘာရောဂါပဲဖြစ်ဖြစ် သီရိလင်္ကာနိုင်ငံက ပြည်သူ့ဆေးရုံတွေမှာ
ထမင်းသုံးနပ်ကျွေးပြီး
အခမဲ့
ဆေးကုသပေးတယ်။
ဒါပေမယ့်
ဆေးလိပ်နဲ့အရက်ကြောင့်ဖြစ်တဲ့
ရောဂါဆိုရင်
အခမဲ့ဆေးသခွင့်မပေးကြဘူး။
ဒါလည်း
သီဟိုဠ်သားတွေရဲ့
ထူးခြားတဲ့အချက်တစ်ခုပါပဲ။
ပိုပြီးထူးခြားတာကတော့ ရဟန်းသံဃာတွေ ဆေးလိပ်သောက်တယ်ဆိုရင် အရမ်းကြီးတဲ့
အပြစ်ခုအဖြစ်
သီဟိုဠ်သားတွေက
သတ်မှတ်ကြတယ်။
အခု ဒီကဗျာကို ကန့်ကွက်တဲ့ ဆေးလိပ်တိုက်ဖျက်ရေးအဖွဲ့တွေအနေနဲ့ စာသင်ကျောင်းပတ်ဝန်းကျင်မှာ
ဆေးလိပ်ကင်းစင်အေင်
ဘယ်လောက်အထိ
လုပ်ပြီးနေပြီလဲ။
ဘာတွေလုပ်ပြီးနေပြီလဲ။
ဘာမှမလုပ်ရသေးဘဲနဲ့
ဝါးလုံးချီးသုတ်သလို
လုပ်နေဦးမယ်ဆိုရင်တော့
ဖင်မှာပေနေတဲ့ချီးက
မပြောင်လာတဲ့အပြင်
ပိုတောင်မှ
ညစ်ပတ်လာပါလိမ့်ဦးမယ်။
ဘာပဲဖြစ်ဖြစ် လက်ဆောင်ကဗျာကို အဋ္ဌမတန်းမြန်မာစာ သင်ရိုးညွှန်းတမ်းကနေ
ပယ်ဖျက်တဲ့ကိစ္စကို
လုံးဝသဘောမတူပါကြောင်း
. . .
ကိုပေါက်ခေါင်း
No comments:
Post a Comment