တထူပမံ ဓမ္မဝရံ အဒေသယိ၊ နိဗ္ဗာန ဂါမိ ံ ပရမံ ဟိတာယ။
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ဂိမှာနံ၊ ဒေါင်းငွေစင်္ကြာ သူရိယာ၏ ရောင်ဝါပြင်းပြ နွေလေးလတို့တွင်။ ပဌမသ္မိ ံ ဂိမှေ၊ ရှေးဦးအစ နွေကာလဖြစ်သော။ မာသေ၊ ရနံ့သင်းထုံ ရောင်ဆင်းစုံသည့် ဖူးငုံပွင့်ချပ် ပန်းရင်ခတ်တို့ ပွင့်လတ်ခါထူး လတန်ခူး၌။ ဖုဿိတဂ္ဂေ၊ စွင့်စွင့်ကားကား ပင်လုံးကျွတ်ပွင့်သော အဖျားရှိသော။ ၀နပ္ပဂုမ္ဗေ၊ ကြီးကျယ်ခမ်းနား ပင်စုံပွား၍ မားမားမို့မို့ လေပြေတို့လျင် ယို့ယို့ယိုင်ယိုင် ရဂုံမြိုင်ထီး တောအုပ်ကြီးသည်။ သသီရိတော ယထာ၊ ရွှန်းရွှန်းအိအိ တင့်တယ်လှပသော အသရေရှိသကဲ့သို့။
တထူပမံ၊ ထိုတောအုပ်ကြီးသဖွယ် တင့်တယ်လှပ နက်နဲထူးခြားလှသည့် ကလျာဏသုံးဘုံ သတ္တဗျဥ္စန စသော ပန်းရနံ့တို့ဖြင့် ပြည့်စုံသော။ နိဗ္ဗာနဂါမိ ံ၊ ခန္ဓာကိုယ်ကြီး လောင်စာမီးတို့ ပျက်စီးကုန်ငြိမ်း ဒုက္ခသိမ်းရာ နိဗ္ဗူတာသို့ လျင်စွာဆတ်ဆတ် ရောက်စေတတ်သော။ ဓမ္မဝရံ၊ သုံးပုံပိဋကတ် နိကာယ်ငါးရပ် ကိုးသွယ်အင်္ဂါ ရှစ်သောင်းလေးထောင်သော ဓမ္မက္ခန္ဓာဟု ဒေသနာအရပ်ရပ် ကျယ်ဝန်းများပြားသော ပရိယတ်တရားတော်မြတ်ကို။ ပရမံ ဟိတာယ၊ ဝေနေယျာများစွာ ချမ်းသာစေဖို့ မြတ်သောလောကုတ္တရာ အစီးအပွားအလို့ငှါ။ ဘဂဝါ၊ ငါတို့ဆရာ မြတ်စွာဘုရားသည်။ အဒေသယိ၊ ကရုဏာလှုံ့ဆော် ရွှေဉာဏ်တော်ဖြင့် ထုတ်ဖော်ကြူးသီ ဟောကြားတော်မူလေပြီ။
ဣဒမ္ပိ ဗုဒ္ဓေ အယံ ဧ၀ ဗုဒ္ဓေါ၊ ဤရွှေဘုန်းတော်သခင် သုံးခွင်ထွဋ်ထား မြတ်စွာဘုရားသည်သာလျှင်။
ပဏီတံ၊ လောကီရတနာ အဖြာဖြာတို့ထက် ကဲသာလွန်မြတ် ချီးမွမ်းအပ်သော။ ရတနံ၊ ကိုးကွယ်ရာအစစ် ရတနာကြီး ဖြစ်တော်မူပေ၏။
ဧတေန သစ္စေန၊ ဤသစ္စာစကားကြောင့်။ ပါဏီတံ၊ သတ္တဝါတို့အား။ သုဝတ္ထိ၊ ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်းသည်။ ဟောတု၊ စင်စစ်မသွေ ဖြစ်ပါစေသတည်း။
No comments:
Post a Comment