Friday, April 29, 2022

အရှင်ဝိစိတ္တ (B.A , M.A Buddhism) အား ပူဇော်အပ်သည့် ဂုဏဝိသိဋ္ဌပူဇာ ပတ္ထနာ (ရှစ်ဆယ်ပေါ်တေးထပ်)

တေဇာ ဝေဖြာ သွေမကွာဖြိုးမောက်

ဝေဆာတန်ခိုးတောက် အမြတ်မှန်

မြေပထဗျာထိုးဖောက် သကတ်လျှံသည်

ဘဝဂ်ညံအောင် လွန်ကျော်ကြား။

အရှင်ဝိစိတ္တ ဂုဏ်ဟိတ်ကြွယ်သည်

ဘုံထိပ်ကယ် ခေါင်ထွဋ်ဖျား။



ဇမ္ဗူလွှမ်းပတ် ရနံ့ကြိုင်သည်

ပြန့်လှိူင်ညီ ဂုဏ်ယှက်ဝေသား

ပြည်တွင်းပြည်ပ ဌာနှစ်ရပ်မှာဖြင့်

ခါမလပ်ကာဆင့် ကြိုးကုတ်ပညာ

ညှိူးမယုတ်အစဉ်သာ ဖြူထိန်ဝင်းသမို့

သူရိန်မင်း လင်းသည့်ပမာ။


ဂုဏ်ဝေကဲဆင့် အဟောဝတအရှင်ကို

သောမနယှဉ် ပူဇာကဲသမို့

သူ ငါ နွှဲ ခါမလပ်ပျော်လေရာ

ရာသက်ကျော်စေပါ။

ဘုန်းသမ္ဘာဝင့် ထေရ်ဂုဏ်သခင်ကို

မသွေဂုဏ်တင် ပူဇော်ကြသည်ဘုရာ့လေး။


ထူးမြတ်လှ ဂုဏအရှင်ကို

ဦးချတင် ပူဇော်ကြသည်ဘုရာ့လေး။


ဟံသာသူရ (ရတုနွယ်)

ဂုဏ်ပြုရေးစပ် ပူဇော်သည်။

No comments:

Post a Comment