သူ့ပြစ်ကိုဖော်
ကိုယ့်ပြစ်ပေါ်
မသူတော်တွေ များလှသည်။
မဖုံးမဖိ
ငုံးတိတိ
မြှုံးမိငါးလို ဖြစ်တော့မည်။
ပညာရှိယောင်
သူတို့ဆောင်
ပေါကြောင်ကြောင်တွေ ဖြစ်ကုန်ပြီ။
ဆင်ခြင်သတိ
လူတိုင်းရှိ
စောင့်ကြည့်ဖို့တော့ လိုနေပြီ။
ကိုပေါက်ခေါင်း